Sunday, September 16, 2012

Stealthy 2.3.3

ဒီကောင်လေးကတော့ Firefox add-on လေးတစ်ခုပဲဖြစ်ပါတယ်။ သေးသေးလေးပေမယ့် သူရဲ့စွမ်းဆောင်နိုင်မှုကတော့ အံ့မခန်းပါပဲ။ သူက proxy add-on လေးဖြစ်ပါတယ်။ ကျွန်တော်တို့ ISP တွေဟာ တစ်ချို့ site တွေကို ၀င်လို့ မရအောင် banned ထားလေ့ရှိပါတယ်။ ဒါ့အပြင် skynet လိုမျိုး လိုင်းတွေမှာ blogspot.com တွေ ၀င်ကြည့်လို့ ရသော်လည်း အဲဒီ blog မှာတင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ အသံတွေကို ဖွင့်လို့ မရတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အဲဒီလို မိမိရဲ့ ISP က banned ထားတဲ့ site တွေကို လွယ်လင့်တကူ ကျော်ချင်လို့ပဲဖြစ်ဖြစ်၊ မိမိရဲ့ IP address ကို ခေတ္တ နေရာလွှဲချင်လို့ပဲဖြစ်ဖြစ် ဒီ add-on လေးကို လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ
  • ပထမဦးစွာ မိမိရဲ့ Firefox မှာ Menu Bar မှာရှိတဲ့ Tools ဆိုတဲ့ menu ကို သွားပါ။ အဲဒီမှာ Add-ons (Ctrl+Shift+A) ကိုဝင်လိုက်ပါ။ 
  • Search Box လေးကျလာရင် stealthy ဆိုပြီး ရှာလိုက်ပါ။ 
  • တွေ့ရင် install လုပ်လိုက်ပါ။ ပြီးသွားရင် restart ချခိုင်းပါလိမ့်မယ်။ ဒါဆိုရင် firefox ကို restart ချလိုက်ပါ။
  • Firefox ပြန်တက်လာတဲ့အခါ Address bar အဆုံးမှာ အနီရောင် တိုက်လေယာဉ် ပုံစံလေးကို မြင်ရပါလိမ့်မယ်။ 
  • အသုံးပြုချင်ရင် အဲဒီ တိုက်လေယာဉ်လေးကို click လိုက်ပါ။ ခဏနေရင် အစိမ်းရောင် ပြောင်းသွားပါလိမ့်မယ်။
  • အစိမ်းရောင်ဖြစ်သွားရင် သွားချင်တဲ့ site ကို သွားလို့ရပါပြီ။ 
  • အဆင်ပြေကြပါစေ။
  • http://www.stealthy.co/

No comments:

Post a Comment