Thursday, August 18, 2016

ထမင်းကောင်းချက်ဖို့

ထမင်းကောင်းတစ်အိုးရဲ့လျှို့ဝှက်ချက်များ

၁ ။ ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အနံ့အရသာကို
ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင်ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
၂ ။ ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာဆန်သစ်လောက်မကောင်းတဲ့
အချိန်မှာ စိတ်ပူစရာမလိုပါဘူး ၊ထမင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ ပေါ်ဆန်းမွှေးကဲ့သို
့မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။
၃ ။ မြေပဲဆီ
ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီ
အနည်းငယ်ထည့်ပြီးအသာမွှေပေးလိုက်ပါ
ဆန်ဖွာခြင်းမရှိပဲခံတွင်းတွေ့စေမယ့်
ထမင်းကိုရရှိမှာဖြစ်ပါတယ်။
၎ ။ ဆား
လက်ကျန်ထမင်းကိုပြန်နွှေးရာတွင်
ဆားအနည်းငယ်ထည့်ပေးခြင်းဖြင့်အနံ့ဆိုးများကို
ပျောက်စေမည့်အပြင်ထမင်းကိုလည်း
နှူးညံ့စေပါတယ်။
၅ ။ ဆန်အရက် ( အရက်ဖြူ )
ထမင်းကြော်ရာတွင်အရက်သုံးလေးစက်
အနည်းငယ်ထည့်ကြော်ပေးပါက
နတ်သုဒ္ဒါပမာထမင်းအရသာကိုရရှိစေမှာ
ဖြစ်ပါတယ်။
အကယ်၍ထမင်းကျက်တ၀က်မကျက်တ၀က်
အခြေနေမျိုးတွေ့ကြုံနေပါက
ဆန်အရက်ဇွန်းနှစ်ဇွန်းစာ
ထည့်ပြီးနွှေးပေးခြင်းဖြင့်
ထမင်းကိုလုံးဝကျက်စေမှာဖြစ်ပါတယ်။
၆ ။ ရေကျက်အေး
ထမင်းချက်ရာတွင်ရေကျက်အေးဖြင့်ချက်ပေးပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို
အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။
၇ ။ ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားထဲကို
ကြက်သွန်မြိတ်တစ်ပင်ခဏဖုံးအုပ်ထားလိုက်ပါ
တူးနံ့များယူပစ်သလိုပျောက်သွားစေပါတယ်။
၈ ။ လက်ဖက်ရည် ကြမ်း
ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းရေငှဲ့ချက်လျှင်ရရှိလာတဲ့ထမင်းက
အနံ့အရသာကိုပြည့်စုံစေရုံသာမကအဟာရလည်းအလွန်ဖြစ်စေပါတယ်။
၉ ။ သံလွင်ဆီ
ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို
ထိန်းချုပ်နိုင်စေသည့်အပြင်
အစာအိမ်ကိုလည်းဥပါဒ်မဖြစ်စေပါဘူး
ဆီးချိုသမားများအတွက်အထူးသင့်လျော်ပါတယ်။
* အိမ်ရှင်မများအရသာပြည့်ဝတဲ့
မိသားစုထမင်းဝိုင်းလေးဖန်တီးနိုင်ကြပါစေ *
Credit - Org Creditor

posted from Bloggeroid

Friday, July 29, 2016

Rice Cook

ထမင်းကောင်းတစ်အိုးရဲ့လျှို့ဝှက်ချက်များ
____________________________

၁ ။ ရှာလကာရည်

ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အနံ့အရသာကို
ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင်ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

၂ ။ ဘီယာ

ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာဆန်သစ်လောက်မကောင်းတဲ့
အချိန်မှာ စိတ်ပူစရာမလိုပါဘူး ၊ထမင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ ပေါ်ဆန်းမွှေးကဲ့သို
့မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။

၃ ။ မြေပဲဆီ

ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီ
အနည်းငယ်ထည့်ပြီးအသာမွှေပေးလိုက်ပါ
ဆန်ဖွာခြင်းမရှိပဲခံတွင်းတွေ့စေမယ့်
ထမင်းကိုရရှိမှာဖြစ်ပါတယ်။

၎ ။ ဆား

လက်ကျန်ထမင်းကိုပြန်နွှေးရာတွင်
ဆားအနည်းငယ်ထည့်ပေးခြင်းဖြင့်အနံ့ဆိုးများကို
ပျောက်စေမည့်အပြင်ထမင်းကိုလည်း
နှူးညံ့စေပါတယ်။

၅ ။ ဆန်အရက် ( အရက်ဖြူ )

ထမင်းကြော်ရာတွင်အရက်သုံးလေးစက်
အနည်းငယ်ထည့်ကြော်ပေးပါက
နတ်သုဒ္ဒါပမာထမင်းအရသာကိုရရှိစေမှာ
ဖြစ်ပါတယ်။
အကယ်၍ထမင်းကျက်တ၀က်မကျက်တ၀က်
အခြေနေမျိုးတွေ့ကြုံနေပါက
ဆန်အရက်ဇွန်းနှစ်ဇွန်းစာ
ထည့်ပြီးနွှေးပေးခြင်းဖြင့်
ထမင်းကိုလုံးဝကျက်စေမှာဖြစ်ပါတယ်။

၆ ။ ရေကျက်အေး

ထမင်းချက်ရာတွင်ရေကျက်အေးဖြင့်ချက်ပေးပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို
အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။

၇ ။ ကြက်သွန်မြိတ်

ထမင်းတူးသွားပါကထမင်းကြားထဲကို
ကြက်သွန်မြိတ်တစ်ပင်ခဏဖုံးအုပ်ထားလိုက်ပါ
တူးနံ့များယူပစ်သလိုပျောက်သွားစေပါတယ်။

၈ ။ လက်ဖက်ရည် ကြမ်း

ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းရေငှဲ့ချက်လျှင်ရရှိလာတဲ့ထမင်းက
အနံ့အရသာကိုပြည့်စုံစေရုံသာမကအဟာရလည်းအလွန်ဖြစ်စေပါတယ်။

၉ ။ သံလွင်ဆီ

ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို
ထိန်းချုပ်နိုင်စေသည့်အပြင်
အစာအိမ်ကိုလည်းဥပါဒ်မဖြစ်စေပါဘူး
ဆီးချိုသမားများအတွက်အထူးသင့်လျော်ပါတယ်။

* အိမ်ရှင်မများအရသာပြည့်ဝတဲ့
မိသားစုထမင်းဝိုင်းလေးဖန်တီးနိုင်ကြပါစေ *
Credit - Org Creditor

ခရီးသည်


Friday, July 1, 2016

အာရုံကြောင့် စိတ်ဖြစ်ပုံ

ဆရာဦးဝင်းရွှေတင်ထားသော အာရုံကြောင့်
စိတ်ဖြစ်တာလား စိတ်ကြောင့်အာရုံဖြစ်တာလား ဆိုတာနဲ့ပတ်သက်ပြီး စိတ်=အာရမ္မဏ ဝိဇာနန လက္ခဏာ (အာရုံကိုသိခြင်းသဘောတရား)လို့မှတ်သား
ဖူးပါတယ်။ အာရုံမရှိဘဲ စိတ်ဖြစ်နိုင်ခြင်းမရှိ လို့မှတ်သားဖူးပါတယ်။ ပဋ္ဌာန်းဒေသနာတော် အာရမ္မဏပစ္စည်းအကြောင်းမှအာရုံကြောင့်စိတ်ဖြစ်ပုံကို ကျွန်တော်နားလည်သလောက် ရေးသားလိုက်ပါတယ်။
အမှားပါရင် ခွင့်လွတ်သည်းခံသွန်သင်ပေးကျပါခင်ဗျာ။

အာရမ္မဏပစ္စည်း (Object Condition)
…………………………………………………
အာရမ္မဏဟူသည် မှီတွယ်ရာပျော်မွေ့ရာ ဟုအနက်ရသည်။အာရုံပြုသောအားဖြင့် ကျေးဇူးပြုခြင်းဟု အလွယ်မှတ်သားနိုင်သည်။
ဒီနေရာမှာ စိတ်(Mind)နဲ့အာရုံ(Object)ဆိုတာ ကွဲပြားဖို့လိုပါတယ်။

စိတ်ဟူသည်မှာ သိတတ်ညွတ်တတ်သောသဘောဘာဝရှိပါတယ်။ ဒါပေမယ့် စိတ်ဟူသမျှဟာပျော်မွေ့ရာ အာရုံနဲ့ကင်းပြီးမဖြစ်နိုင်ဘဲ အာရုံတခုခုကိုမှီတွယ် ပြီးမှသာဖြစ်သောသဘာဝရှိပါတယ်။

အာရုံဆိုသည်မှာ အသိခံရတဲ့သဘော/သိစရာကိုဆိုလိုတာဖြစ်ပြီး လူတိုင်းမှာ
အမြင်တည်းဟူသောရူပါရုံ အသံတည်းဟူသောသဒ္ဒါရုံ
ရနံ့ဟူသောဂန္ဓာရုံ အရသာဟူသောရသာရုံ
အထိအတွေ့ဟူသောဖောဋ္ဌဗ္ဗာရုံနှင့်
အကြံအစည်ဟူသောဓမ္မာရုံဆိုပြီးအာရုံ၆ပါးရှိပါတယ်။

ဥပမာ တခုခုကိုမြင်တယ်ဆိုရင် မြင်စရာတည်းဟူသော ရူပါရုံဟာ မြင်စိတ်လို့အလွယ်ခေါ်တဲ့ စက္ခုဝိညာဏဓာတ်နဲ့ ယှဉ်ဖက်စေတသိတ်တွေဖြစ်ပေါ်လာဖို့ အာရမ္မဏပစ္စည်းနဲ့ကျေးဇူးပြုပါတယ်။ရှင်တော်ဘုရားက ဒါကို
'ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော'လို့ဟောကြားထားပါတယ်။

'Visible object-base is related to eye-consciousness-element and its associated
conditions by the force of object condition.'

ဒါ့အပြင် အကျယ်ထပ်ဆိုရမယ်ဆိုရင် မြင်စိတ်ဟာ ရူပါရုံ(Visible Object)တခုတည်းကြောင့်ဖြစ်လာတာ မဟုတ်ဘဲ မျက်လုံးဟုခေါ်သော စက္ခုပသာဒရုပ်
(?Retina) +အလင်းရောင်(Light)+မနသိကာရ (Attention/နှလုံးသွင်းမှု)စသည့် ၄ရပ်ပြည့်စုံမှသာဖြစ်ပေါ်ပါတယ်။ တခုခုချွတ်ယွင်းရင်ကို ဖြစ်ပေါ်မှုမရှိပါဘူး။အခြား စိတ်၅မျိုးမှာလည်းအလားတူပါပဲ။
ဥပမာ တခုခုကိုအလွန်အာရုံစိုက်ချိန်မှာ တခြားအရာတွေဘာမှ မသိမကြားမမြင်ဖြစ်တာ ဟာ မနသိကာရဆိုတဲ့နှလုံးသွင်းမှုမရှိလို့ပါ။

ပဋ္ဌာန်း၂၄ပစ္စည်းမှာ အာရမ္မဏပစ္စည်းကို အကျယ်ဝန်းဆုံးအဖြစ်သတ်မှတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ ပညတ်လို့ခေါ်တဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိသမျှနဲ့ ပရမတ်ဆိုသော ပကတိတရား၎ပါး (စိတ် စေတသိတ် ရုပ် နိဗ္ဗာန်)အားလုံးဟာ အာရုံယူနိုင်တာမို့ အာရမ္မဏပစ္စည်း နဲ့လွတ်ကင်းတာမရှိလို့ပါ။

လူတွေမှာရှိတဲ့စိတ်ကို ဝီထိစိတ်(လှုပ်ရှားနေသောစိတ်)နှင့်
ဘဝင်စိတ်(ငြိမ်သက်နေသောစိတ်)ဆိုပြီး ၂ပိုင်းခွဲခြားထားပါတယ်။ ဝီထိစိတ်တွေကကျွန်တော်တို့အသက်ရှင်လှုပ်ရှားနေ သောအချိန်မှာဖြစ်ပျက်နေပြီး ဘဝင်စိတ်တွေကတော့ ဝီထိစိတ်တွေမရှိတဲ့အချိန် (ဥပမာအိပ်ပျော်နေချိန်) မှာဖြစ်ပျက်နေပါတယ်။ စိတ္တနိယာမအရ၄င်းစိတ်တွေဟာတလှည့်စီ ဖြစ်ပျက်နေပါတယ်။

ဒီနေရာမှာ စိတ္တနိယာမအရ ဘဝင်စိတ်ကနေ ဝီထိစိတ်ကိုကူးပြောင်းသွားတာလေးကို ဖော်ပြပေးပါ့မယ်။
ဥပမာ လူတယောက်အိပ်နေရာကလန့်နှိုးပြီး ပန်းသီးတလုံးကိုမြင်လိုက်ရတယ်ဆိုရင်…… အိပ်နေတယ့်အချိန်မှာ ဘဝတခုဆက်နိုင်ဖို့ ဘဝင်စိတ်တွေဖြစ်ပေါ်နေပါတယ်။ ရုတ်တရက်လန့်နိုးပြီး ပန်းသီးတလုံးမြင်လိုက်ရတယ်ဆိုရင် ဘဝင်စိတ်တွေချုပ်ပြီး ပန်းသီးဆိုသော ရူပါရုံကြောင့် ဘဝင်စိတ်တွေချုပ်ပြီး ဝီထိစိတ်များဖြစ်ပေါ်လာပါတယ်။

ဒါပေမယ့်ဘဝင်စိတ်တွေဟာရုတ်ချည်းချုပ်တာမဟုတ်ပဲ အရှိန်နဲ့သွားနေရာက ပြင်ပအာရုံတခု ကြောင့်ပြတ်စဲတော့မယ်ဆိုရင် ပထမဆုံး *ငြိမ်သက်နေသောဘဝင်စိတ်များ လှုပ်ခါခြင်း *ပြတ်တောက်ခြင်းတို့ဖြစ်ပါတယ်
(အတီတဘဝင်-ရှေးဘဝင်စိတ် .
ဘဝင်္ဂစလန-ဘဝင်စိတ်လှုပ်ရမ်းခြင်း
ဘဝင်္ဂုပစ္ဆေဒ-ဘဝင်စိတ်ပြတ်တောက်ခြင်း)။ ထို့နောက်
*လာတိုက်ခတ်သော ပြင်ပအာရုံကိုဆင်ခြင်ခြင်း
(ပဉ္စဒွါရဝဇ္ဇန်း-မျက်စိ နား နှာခေါင်း လျှာ ကိုယ်ဖြင့်ဆင်ခြင်ခြင်း)
*သက်ဆိုင်ရာမြင်ကြားသိစိတ်များဖြစ်ပေါ်ခြင်း
(သက်ဆိုင်ရာဝိညာဏ စိတ်များဖြစ်ခြင်း)
*၄င်းအာရုံကိုလက်ခံခြင်း(သမ္ပဋိစ္ဆိုင်း)
*လက်ခံရရှိသောအာရုံကိုစုံစမ်းခြင်း (သန္တီရဏ)
*၄င်းအာရုံမည်သည့်အရာဖြစ်သည်ဟု ဆုံးဖြတ်ခြင်း(ဝုဋ္ဌော)
*ဆုံးဖြတ်ပြီးသောအာရုံအားကောင်းဆိုးခံစားခြင်း (ဇော -၇ကြိမ်ဖြစ်သည်။ ခံစားချက်ပေါ်မူတည်၍ ကုသိုလ် အကုသိုလ်  ကြိယာ တို့ဤအချိန်တွင်ဖြစ်သည်)
*ထို့နောက် အာရုံကိုဆက်လက်ခံစားလိုခြင်း (တဒါရုံ-၂ကြိမ်ခန့်ဖြစ်သည်။)
ထို့နောက်ပြန်အိပ်ပျော်သွားပါက ဘဝင်စိတ်များ ပြန်ဖြစ်ပြီး အခြားအာရုံများရှိပါက ဝီထိစိတ်များ ဆက်ဖြစ်ပါတယ်။

ဇော နဲ့တဒါရုံ ဆိုတာ ရှင်းအောင် ဥပမာပေးရရင် ဇောဆိုတာ ဇဝနဆိုသော ပါဠိစကားကသက်ဆင်းလာပြီး သက်ဆိုင်ရာအာရုံများကိုအရှိန်ဖြင့်ခံစားခြင်း
(Mental impulsion)ဖြစ်ပြီး တဒါရုံ(Derived matter)ဆိုသည်ကတော့ ဇောအဟုန်ရပ်တန့် သော်လည်းဆက်လက်ခံစားနေချင်တာဖြစ်ပါတယ်။ သဘောင်္တစီးရပ်နားပေမယ့် ရေလှိုင်းဂယက်များကျန်ပုံကိုမြင်ယောင်ကြည့် နိုင်ပါတယ်။

ဆိုခဲ့တဲ့အတိုင်း ဝီထိဆိုသောစိတ် ဖြစ်စဉ်တခုမှာ အတီတဘဝင် ကစပြီး နောက်ဆုံး တဒါရုံအထိ အားလုံးပေါင်း ၁၇ချက်ရှိပါတယ်။ တချက်ခြင်းမှာလည်း ဖြစ်ချိန် (ဥပါဒ်) တည်ချိန်(ဌီ) ပျက်ချိန်(ဘင်)ဆိုပြီး အဘိဓမ္မာမှာထပ်ပြီးခွဲခြားပါတယ်။
(ဒါပေမယ့် အလွန်တိုတောင်းလွန်းလို့ စိတ္တယမိုက်မှာတော့ ဌီကို ဖယ်ပြီးဟောကြားတာမှတ်သားဖူးပါတယ်)

ဒါ့အပြင်စိတ်တခုဖြစ်ပေါ်တိုင်း စေတသိတ်များ(စိတ်ကိုလွမ်းမိုးခြယ်လှယ်သောအရာများ)ကပါဝင်ပါတယ်။ စေတသိတ်ပေါင်း ၅၂ခုရှိတယ်လို့ အကျယ်ဟောထားပေမယ့် စိတ်တခုဖြစ်တိုင်း၅၂ခုလုံး ပါဝင်တာမဟုတ်ဘဲ ဆိုင်ရာစေတသိတ်များကသာပါဝင်ပါတယ်။ ဒါပေမယ့် စိတ်တခုဖြစ်တိုင်းဖြစ်တိုင်းမှာ သဗ္ဗစိတ္တသာဓာရဏစေတသိတ်များလို့ခေါ်သော (သဗ္ဗ=အလုံးစုံ .စိတ္တ=စိတ် .သာဓာရဏ=ဆက်ဆံမှု)

၁။ဖဿ     (mental contact)
၂။ဝေဒနာ(feeling)
၃။သညာ(perception)
၎။စေတနာ(volition or stimulation)
၅။ဧကဂ္ဂတာ(concentration on only one point)
၆။ဇီဝိတိနြေ္ဒ(psychic life)
၇။မနသိကာရ(attention) 
ဆိုသောစေတသိတ်၇ခုကတော့အမြဲပါဝင်ပါတယ်။

အဆိုပါစိတ်ဝီထိဖြစ်စဉ်တခုမှာ အတီတဘဝင်ရဲ့ ဥပါဒ်အချိန်မှစပြီး နောက်ဆုံး ဒုတိယတဒါရုံရဲ့ ဘင်ခဏထိ 'အာရုံများ' ဟာသက်ဆိုင်ရာ မြင်/သိ/ိကြား/နံ/ထိ/တွေးသိ စသောစိတ်များနဲ့တကွ ဆိုင်ရာစေတသိတ်များဖြစ်ပေါ်စေဖို့အတွက် အာရမ္မဏပစ္စယော နဲ့ ကျေးဇူးပြုပေးပါတယ်။

ဒါကြောင့်မို့ အာရမ္မဏပစ္စယောကို လေ့လာခြင်း အားဖြင့် ပြင်ပအာရုံများကြောင့် သက်ဆိုင်ရာစိတ်နှင့်တကွ စိတ်ကဖန်တီးသောစိတ္တဇရုပ်များဖြစ်ပေါ်လာတယ် လို့ ယူဆမိကြောင်းပါ။


Monday, April 25, 2016

နှာခေါင်းပိတ် ပျောက်ဆေး

နှာရည်ပုပ်ခြင်း ၊ နှာခေါင်းပိတ်ခြင်း၊ ရိုးရိုး အဆက်မပြတ် ချောင်းတဟွတ် ဟွတ် ဆိုးခြင်းများအတွက် လက်တွေ့ပျောက်ကင်းတဲ့ ဆေးနည်းတိုလေးပါ
••••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••••••
‪#‎နှာခေါင်းမှ‬ နှာရည်အဆက်မပြတ် စီးကျပြီး မကြာခဏ ညှစ်ထုတ်ရခြင်း ၊
‪#‎နှာခေါင်း‬ နီရဲ ရောင်ရမ်း၍ နှာခေါင်းအ၀များ အထိမခံနိုင်လောက်အောင်
နာကျင်စွာ ခံစားရခြင်း ၊
‪#‎ကြာရှည်‬၌ နှာရည်များ ပုပ်အက်အက် အနံ့ပင် ထွက်လာခြင်းအတွက် .....
‪#‎ဆေးနည်း‬
ကင်ပွန်းသီး ရင့်ရင့် အခြောက်တစ်တောင့်အား သန့်စင်
အောင်ဆေး၊ ကျောက်ပျဉ်သန့်သန့်တွင် ဆန်ဆေးရည်နှင့် ခပ်ပျစ်ပျစ်သွေးပြီး
ထိုဆေးရည်ကို နှာခေါင်းတစ်ခုလုံး ခပ်ထူထူ လိမ်းပေးပါ ၊၊ နှာခေါင်းဝအတွင်းသို့
ဖြေးညင်းစွာ ခပ်ပါးပါးလေး ထည့်သွင်းသုတ်လိမ်းပေးရင်း ဖြေးညင်းစွာ ရှူပေးရပါ
မည် ၊၊ အားလုံး လိမ်းပြီးပါက ပက်လက်လှန်၍ ဆေးခြောက်သွားသည်အထိ ငြိမ်
သက်စွာ နားရပါမည် ၊၊ နံနက်တစ်ကြိမ် ၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်၊ (၃ ) ရက်
ခန့်လိမ်းပြီးပါက သိသာစွာ သက်သာလာမည်၊၊ ရောဂါနုလျှင် တစ်ပတ်ခန့်
ရောဂါကြီးမားပါက နှစ်ပတ်ခန့် ကြာတတ်ပါသည် ၊၊နှစ်ပတ်နှင့် မပျောက်ကင်းပါက
လည်း ဇွဲမလျော့ပဲ ပုံမှန်လိမ်းပေးပါက သက်သာစွာ ပျောက်ကင်းစေပါသည်၊၊
~~~~~~~~~~~~~~~
‪#‎နှစ်ရှည်လများ‬ နှာခေါင်းပိတ်ခြင်း ၊
‪#‎နှာခေါင်းဖြင့်‬ အသက်ရှူမရပဲ ပါးစပ်ဖြင့် အသက်ရှူရခြင်း အတွက် .....
#ဆေးနည်း
လင်ပန်း ( သို့) ဒယ်အိုးဖုံးပေါ်တွင် မီးအရှိန်နီရဲနေသော မီးခဲလက်သီးစုပ်ခန့် လေးငါးခဲတင်ပါ ၊၊ကင်ပွန်းသီး ရင့်ရင့် အခြောက် တစ်တောင့်
အား ထိုမီးခဲပေါ်သို့တင်ပြီး မီးခိုးငွေ့အား ခံသာရုံ အနေ ဖြေးညင်းစွာ ရှူပါ ၊၊
အစ၌ ရှူရခက်သော်လည်း နှာဝအတွင်း အငွေ့ဝင်စေဖို့ လိုပါမည်၊၊ တစ်ကြိမ်
ဆောင်ရွက်ရုံဖြင့် မထူးခြားနိုင်ပါ ၊၊ မိမိ ရောဂါ အနုအရင့် ကိုလိုက်ပြီး နံနက်တစ်
ကြိမ်၊ ည တစ်ကြိမ် ဆောင်ရွက်ပါ၊၊ ( ၃)(၄ ) ရက်ခန့် အကြာတွင် နှာခေါင်းမှ
နှပ်များ အတောင့်လိုက် ထွက်ကျလာပါမည် ၊၊
~~~~~~~~~~~~~~~
* ရိုးရိုး ချောင်းတဟွတ်ဟွတ် အဆက်မပြတ်ဆိုးပါက .....
#ဆေးနည်း
မည်သည့်ပဲပင်ပေါက် အမျိုးအစားဖြစ်စေ ၅ကျပ်သားခန့်အား
သန့်စင်အောင်ဆေးကြော ၊ မတ်ခွက်ထဲထည့် ၊ ပွက်ပွက်ဆူထားသော ရေနွေးအ
ဖြူအား ပဲပင်ပေါက်မြှုပ်ရုံ လောင်းထည့်၊၊ ( ၃) မိနစ်ခန့်ထားပြီး ထိုအရည်ကို နည်း
နည်းခြင်း ကုန်စင်အောင် သောက်သုံးရမည်၊၊ တစ်နေ့ (၃ )ကြိမ်နှုန်း၊ ( ၃) ရက်
ခန့်အကြာ၌ လုံးဝပျောက်ကင်းဧ၊၊် ၊၊<မှတ်ချက်၊၊ ဆောင်းပါးရှင်ဧ၊၊် ကိုယ်တွေ့နည်း>
ဆောင်းပါးရှင် ~ ဦးကိုကိုကြီး
••••••••••••••••••••••••••
Myawady Health


Friday, March 4, 2016

ဣဋ္ဌ အနိဋ္ဌအခွဲနှင့် ဝိပါက်အမှန် ဇောအပြန်

ဣဋ္ဌအနိဋ္ဌအခွဲနှင့်ဝိပါက်အမှန်ဇောအပြန်သေချာ
ဖတ်မှတ်ပေးကြပါ။
--------------------

ဣဋ္ဌာရုံ အနိဋ္ဌာရုံ
°°°°°°°°°°°°°°°°°
ပဉ္စဝိညာဏ်အစ တဒါရုံအဆုံးရှိသော ဝိပါက်စိတ်
များ၏ ကုသလဝိပါက်ဖြစ်ရခြင်း,အကုသလဝိပါက်
ဖြစ်ရခြင်း,သောမနဿနှင့်ယှဉ်ရခြင်း,ဥပေက္ခာနှင့်
ယှဉ်ရခြင်းတို့မှာ ဣဋ္ဌ အတိဣဋ္ဌ အနိဋ္ဌာရုံများနှင့်
ဆက်သွယ်၍ ဖြစ်ကြရ၏ ၊ ထို့ကြောင့် တွေ့မြင်
သမျှ အာရုံတို့၌ ဣဋ္ဌာရုံပဲ အနိဋ္ဌာရုံပဲဟု
ကွဲကွဲပြားပြား ခွဲခြားနိုင်ဖို့ ရှေးဦးစွာ အရေးကြီး၏ ၊
ထို့သို့ခွဲခြားရာ၌ "ဣဋ္ဌာနိဋ္ဌာရမဏံ ပန ပါဋိယေက္ကံ
ဝိဘတ္တံ အတ္ထီတိ ၊ ကဿ ဝသေန ဝိဘတ္တံတိ ၊
မဇ္ဈိမကသတ္တဿ" ဟု ခန္ဓဝိဘင်္ဂဋ္ဌကထာ၌ ဆို၏ ၊
ဆိုလိုရင်းကား- "ပြည့်ရှင်မင်းစသော အထက်တန်း
လူ(နတ်)တို့သည် ရိုးရိုးထမင်း ဟင်းလျာစသည်
ကိုပင်(ဣဋ္ဌဖြစ်ပါလျက်)မနှစ်သက်နိုင်ကြ ၊အလွန်
အောက်ကြသောလူ(တိရိစ္ဆာန်)တို့ကား ထမင်းသိုး
ဟင်းပုတ်များကိုပင် (အနိဋ္ဌမှန်ပါလျက်) ဣဋ္ဌ
ထင်နေကြ၏ ၊ ထို့ကြောင့် ဣဋ္ဌ အနိဋ္ဌအာရုံကို
အလတ်တန်းစား လူအများ၏ အလိုအားဖြင့်
ခွဲခြားရမည်ဟု ဆိုလိုသည်။
ထို့ကြောင့် အလတ်တန်းစားလူတို့၏ အလိုအား
ဖြင့် ကောင်းသောရူပ,သဒ္ဒ, စသည့်အာရုံများသည်
ဣဋ္ဌတည်း ၊ တွေ့ကြုံခဲလှသော ဘုရားရှင်၏
အဆင်းတော် အသံတော် စသည်နှင့် ယောက်ျား
မိန်းမတို့၏ အလွန်ကောင်းသော အဆင်းအသံ
စသည်ကား အတိဣဋ္ဌတည်း ၊ ကျင်ကြီး ကျင်ငယ်
အလောင်းကောင်နှင့် မကောင်းဆိုးဝါးသော အသံ
အနံ့အရသာ အတွေ့တို့သည် အနိဋ္ဌတည်းဟု
ခွဲခြားရာ၏ ၊ [ဣစ္ဆိတဗ္ဗံ-အလိုရှိထိုက် ရှာမှီးထိုက်၏၊
ဣတိ-ထို့ကြောင့် ဣဋ္ဌံ-မည်၏ ၊ န+ဣဋ္ဌံ အနိဋ္ဌံ-
ဣဋ္ဌမဟုတ်,(ဣဋ္ဌ၏ ပြောင်းပြန်)။]
---------------------------------------------
ထေရဝါဒ
°°°°°°°°°°
ပြခဲ့သော ဣဋ္ဌ အနိဋ္ဌအခွဲသည် အဋ္ဌကထာလာ
သမာနဝါဒတည်း ၊ တိပိဋက စူဠာဘယထေရ်ကား
"ဣဋ္ဌာနိဋ္ဌံ နာမ ဝိပါကဝသေနေဝ ပရိစ္ဆိန္နံ"ဟု
ဆို၏ ၊ ဆိုလိုရင်းကား - ဣဋ္ဌာရုံ အနိဋ္ဌာရုံဖြစ်
ကြောင်းကို ဝိပါက်စိတ်ဖြင့် ပိုင်းခြားရမည် ၊
ဣဋ္ဌာရုံနှင့်တွေ့လျှင် (ဇောမှာ သောမနဿ ဥပေက္ခာ ဒေါမနဿ စောချင်ရာ စောပေစေ)
ပဉ္စဝိညာဏ်စသော ဝိပါက်စိတ်မှာ ဧကန်
ကုသလဝိပါက်သာတည်း ၊ အနိဋ္ဌာရုံနှင့်တွေ့လျှင်
အကုသလဝိပါက်သာတည်း ၊ တိတ္ထိတို့သည်
ဘုရား တရား သံဃာနှင့် မဟာစေတီစသည်ကို
မြင်ရ ကြားရလျှင် မျက်စိနှင့်နားကို ပိတ်လျက်
ဒေါသထွက်ကြ၏ ၊ သို့ရာဝယ် ထိုအတိဣဋ္ဌာရုံ
ဖြစ်သော ဘုရားစသည်ကို မြင်ရ ကြားရခြင်းသည်
ရှေးကုသိုလ်ကံကြောင့် ဖြစ်ရကား ကုသလဝိပါက်
စိတ်များ ဖြစ်၏ ၊ ဒိဋ္ဌိဝိပ္ပလ္လာသကြောင့်သာ
အတိဣဋ္ဌာရုံကို အနိဋ္ဌာရုံ ထင်လျက် ဒေါသဇော
စောကြရှာလေသည် ။
ထို့ပြင် ရွာဝက်တို့သည် မစင်နံ့ရလျှင် အလွန်
ပျော်ရွှင်ကြ၏ ၊ သို့သော် မစင်ကို မြင်ရ နံရ စားရ
တွေ့ထိရမှုတို့မှာ အကုသလဝိပါက်တို့ချည်းသာ
တည်း ၊ အကုသိုလ် ကံကြီးက ဖန်တီးလိုက်သည့်
အတွက် အနိဋ္ဌာရုံကို ဣဋ္ဌာရုံထင်ကာ ပျော်ရွှင်အား
ရ သောမနဿဇောတွေ စောနိုင်ကြသည် ၊
သခင်တို့က ဖွဲ့တုပ်၍ ကောင်းမြတ်သော အိပ်ရာ
ပေါ်၌ တင်ထားအပ်သော ဝက်ကြီးသည်
စိတ်မသက်သာအော်မြည်ရှာ၏ ၊ သို့သော်
ကောင်းမြတ်သော အိပ်ရာကို တွေ့ထိရမှုမှာ
ကုသလဝိပါက်သာတည်း ၊ မျိုးဇာတ်အလိုက်
အကုသိုလ်ကံကြောင့်သာ သညာဝိပ္ပလ္လာသ
ဖြစ်လျက် ဒေါသ ဒေါမနဿဇော စောကာ
အော်မြည်ရှာလေသည် ၊ ဤသို့လျှင်
"ဣဋ္ဌာရုံ အနိဋ္ဌာရုံအဖြစ်ကို ဝိပါက်စိတ်ဖြင့်
ခွဲခြားရမည် , ဇောဖြင့် မခွဲခြားရ "ဟု မိန့်ဆိုအပ်
သော ထေရဝါဒကို အဋ္ဌကထာဆရာလည်း
ထောက်ခံ ဖွင့်ပြပေသည်။
ထိုမှတစ်ပါး ဒွါရနှင့်စပ်သဖြင့်လည်း ဣဋ္ဌ အနိဋ္ဌ
အခွဲကို မှတ်သင့်သေး၏ ၊ ချဲ့ဦးအံ့- ပျော့ပျော့
ပျောင်းပျောင်း အတွေ့ကောင်းသော မစင်သည်
ကာယဒွါရ၌ ဣဋ္ဌ ,စက္ခုဒွါရ ဃာနဒွါရတို့၌
အနိဋ္ဌတည်း ၊ ပတ္တမြားဖြင့် ဦးခေါင်းကို ပေါက်ခွဲ
ရာ၌ ထိုပတ္တမြားကို မြင်ရသော စက္ခုဒွါရ၌ ဣဋ္ဌ,
အထိခံရသော ကာယဒွါရ၌ အနိဋ္ဌတည်း ၊ အချို့
ဝတ္ထုများကား ကာလအလိုက် ဣဋ္ဌ အနိဋ္ဌ ကွဲပြား
သေး၏ ၊ ချဲ့ဦးအံ့- မီးသည် ချက်ပြုတ်လိုရာအခါ
ဆောင်းအခါတို့၌ ဣဋ္ဌ ,နွေအခါ၌ အနိဋ္ဌတည်း၊
ရေသည် သောက်လိုရာအခါ နွေအခါတို့၌ ဣဋ္ဌ,
ဆောင်းအခါတို့၌ အနိဋ္ဌတည်း ၊ အချို့ပန်း၌
အဆင်းသည် ဣဋ္ဌ , အနံ့ကား အနိဋ္ဌတည်း ၊
ဤသို့ စသည်ဖြင့် ဣဋ္ဌ အနိဋ္ဌအဖြစ်ကို အလတ်
စားပုဂ္ဂိုလ်အားဖြင့်လည်းကောင်း , ဝိပါက်စိတ်
အားဖြင့်လည်းကောင်း , ဒွါရအားဖြင့်လည်းကောင်း
, ကာလအားဖြင့်လည်းကောင်း ,အဆင်းအနံ့
စသောအားဖြင့် လည်းကောင်း အမျိုးမျိုး ခွဲခြားရမည်။
အလတ်စားတန်း,ပုဂ္ဂိုလ်မှန်းလျက်,ဝိပါက်-ဒွါရ,
ချိန်ကာလနှင့် ရူပ-ဂန္ဓာ,နှိုင်းချင့်ကာဖြင့်,
အနိဋ္ဌာလော,ဣဋ္ဌာလော,စစ်ကြော တွေ့တိုင်းပင်။
----------------------------------------------
သဘာဝ ပရိကပ္ပအခွဲ
°°°°°°°°°°°°°°°°°°°°°
ဣဋ္ဌ အနိဋ္ဌ အာရုံနှစ်မျိုးလုံးပင် "သဘာဝ,ပရိကပ္ပ"
ဟု နှစ်မျိုးစီ ကွဲပြားပြန်၏ ၊ အလတ်တန်းစားပုဂ္ဂိုလ်
၌ ဝိပါက် ဒွါရ ကာလစသည်တို့ ဖြင့် ခွဲပြအပ်ခဲ့သော
အာရုံများသည် သဘာဝဣဋ္ဌာရုံ သဘာဝအနိဋ္ဌာရုံ
များတည်း ၊ "ပင်ကိုသဘောအတိုင်း အလိုရှိထိုက်/
မရှိထိုက်သောအာရုံများ" ဟူလို ၊ အထက်တန်း
ပုဂ္ဂိုလ်များနှင့် သလိပ် သည်းခြေ သွေးလေဖောက်
ပြန်နေသော ဂိလာန ,အရူး စသူတို့က ဣဋ္ဌာရုံကို
မလိုလားနိုင်ကြ ၊ ကောင်းမွန်သော အစာအာဟာရ
ကိုပင် ဂိလာနစသူတို့က အနိဋ္ဌာရုံဟုသာ ထင်မှတ်
ကြလေသည် ၊ ထိုသူတို့ ထင်မှတ်အပ်သော
ဣဋ္ဌာရုံသည် ပရိကပ္ပအနိဋ္ဌာရုံမည်၏ ၊ "သူတို့၏
စိတ်အကြံအားဖြင့် အနိဋ္ဌာရုံ" ဟူလို ၊, ကျီး လင်းတ
စသည်တို့နှင့် ယခင် ဂိလာန အရူးစသူတို့သည်
မစင်, ခွေးကောင်ပုတ်, မကောင်းသောအစာ,
အဝတ်စုတ်စသော အနိဋ္ဌာရုံကို ဣဋ္ဌာရုံဟု
ထင်မှားကြပြန်၏ ။ ထိုထင်မှားအပ်သော အနိဋ္ဌာရုံ
များသည် ပရိကပ္ပဣဋ္ဌာရုံမည်၏ ၊ နတ်သမီးစသော
အတိဣဋ္ဌာရုံများကို ဘုန်းကံနည်းပါးသူတို့၌
အနိဋ္ဌာရုံထင်မှတ်လျက် မူးမေ့တွေဝေခြင်း ,
ဘုရားရှင်စသော အတိဣဋ္ဌာရုံကိုပင် ဒိဋ္ဌိဝိပလ္လာသ
ဖြစ်နေကြသော တိတ္ထိစသူတို့က အနိဋ္ဌာရုံဟု
ထင်မှတ်ခြင်း စသည်တို့လည်း ပရိကပ္ပအနိဋ္ဌာရုံ
များပင်တည်း ။
-----------------------------------------------
ဝိပါက်အမှန်
°°°°°°°°°°°°°
ဝိပါက်စိတ်တို့၌ အာရုံအားလျော်စွာ သောမနဿ
ဥပေက္ခာ ဝေဒနာ ယှဉ်ပုံမြဲသည်ကို "ဝိပါက်အမှန်"
ဟု ခေါ်၍ ,ဇောစိတ်တို့၌ အာရုံအားလျော်စွာ
ဝေဒနာယှဉ်ပုံ မမြဲသည်ကို "ဇောအပြန်"ဟု
ပြောစမှတ်ပြုကြသည် ၊ ချဲ့ဦးအံ့- သဘာဝဣဋ္ဌာရုံ
အတိဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ
တွေ့ကြုံရသောကြောင့် သဘာဝဣဋ္ဌာရုံနှင့်
တွေ့ကြုံသောအခါ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တရဏ တဒါရုံများဖြစ်၍ ,သဘာဝအတိဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ကုသလဝိပါက် သောမနဿ သန္တီရဏ တဒါရုံများဖြစ်ကြ၏ ၊
သဘာဝအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ၌ကား
အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ
တဒါရုံများ ဖြစ်ကြသည် ၊ (ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်းတို့မှာ ဝေဒနာအားဖြင့် အကွဲအပြားမရှိ ၊)
ဤသို့ ဝိပါက်စိတ်များ၌ အာရုံအလိုက် ဝေဒနာ
ယှဉ်ပုံ မှန်ကြောင်းကို ရည်သန်၍ "ဝိပါက်အမှန်"
ဟု ပြောစမှတ်ပြုကြသည် ၊ "သဗ္ဗထာပိ ပနေတ္ထ
အနိဋ္ဌေ၊ပေ၊သောမနဿသဟဂတာနေဝ"ဟူ
သောသင်္ဂြိုဟ်၌လည်း ဤအဓိပ္ပာယ်များပါဝင်သည်။
-----------------------------------------
ဇောအပြန်
°°°°°°°°°°°
စိတ်ဖောက်ပြန်မှုဟူသော စိတ္တဝိပလ္လာသ,အမှတ်
မှားမူဟူသော သညာဝိပလ္လာသ, အယူမှားမှုဟူ
သော ဒိဋ္ဌိဝိပလ္လာသ မကင်းကြသော ပုထုဇဉ်နှင့်
ရှေ့ ဝိပလ္လာသနှစ်မျိုး မကင်းသေးသော
သေက္ခပုဂ္ဂိုလ်တို့သန္တာန်၌ ဖြစ်လေ့ရှိသော
ကုသိုလ်ဇော အကုသိုလ်ဇောများသည် တစ်ခါတစ်ရံ အာရုံအားလျော်စွာ အတိဣဋ္ဌာရုံ၌ သောမနဿဇော ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာဇော,အနိဋ္ဌာ
ရုံ၌ ဒေါသဇော ဖြစ်လေ့ရှိ၏ ၊ တစ်ခါတစ်ရံ၌ကား
ထိုဝိပလ္လာသတို့ကြောင့်သော်လည်းကောင်း,
အနိဋ္ဌာရုံကို ခင်မင်နှစ်သက်ဖို့ရာ အကုသိုလ်ကံ
ပါလာသောကြောင့်လည်းကောင်း,ဘုရားစသော
အတိဣဋ္ဌာရုံ၌ တိတ္ထိတို့မှာ ဒေါသဇောစောကြ
လေ၏ ၊ မစင် ခွေးကောင်ပုပ်စသော အနိဋ္ဌာရုံ၌
ကျီး လင်းတတို့မှာ သောမနဿဇော စောကြ၏ ၊
ထိုဘုရားစသော အတိဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံတို့၌
ပင် အချို့ စိတ်ဖောက်ပြန်နေသော အရူးစသူတို့မှာ ဥပေက္ခာဇော စောကြ၏ ၊ ဤသို့လျှင်
ကုသိုလ် အကုသိုလ်ဇောတို့၏ အာရုံသဘောကို
အခါခပ်သိမ်းမလိုက်ရောဘဲ ဝေဒနာယှဉ်ပုံ
ဗလောင်းဗလဲ ဖြစ်ဟန်ကို ရည်သန်၍ "ဇောအပြန်" ဟု ပြောစမှတ်ပြုကြလေသည်။
ဣဋ္ဌာနိဋ္ဌ,တိဣဋ္ဌတို့,တွေ့ရသောအခါ,ဝေဒနာလား,ဝိပါကတုံ,အာရုံသဘော,မြဲလိုက်ရော၏၊
ဇော စောချိန်ကျ , ထိုခဏမှု,မုချဆက်ဆက်,
မှန်မထွက်၍,ဝိပါက်အမှန်,ဇောအပြန်သည်,
ကျမ်းဂန် မိန့်ခွန်းအစဉ်တည်း။
-----------------------------------------------
ဣဋ္ဌအနိဋ္ဌရောရာ၌အာရုံယူပုံ
°°°°°°°°°°°°°°°°°°°°°°°°°°°°
အရာဝတ္ထုတစ်ခု၌ကား ဣဋ္ဌ အနိဋ္ဌရောလျက်ရှိ
တတ်၏ ၊ ထိုသို့ ရောနေရာ၌ ထင်ရှားသော
အာရုံကိုသာ အာရုံပြုနိုင်ပေသည် ၊ ဥပမာ-ဆင်ပျံတော် မြင်းပျံတော်ရတနာတို့၌ ပဋိသန္ဓေက
အဟိတ် ပဋိသန္ဓေဖြစ်သောကြောင့် မူလအထည်
ကိုယ် ပုံသဏ္ဍာန်သည် ဧကန်အနိဋ္ဌာရုံတည်း ၊
သို့သော် ပဝတ္တိအကျိုးကို ပေးမည့် ကုသိုလ်ကံ
ကြောင့် လှပသော အရေအဆင်း အသံစသည်
ဖြစ်ပေါ်လာပြန်သဖြင့် ထိုပဝတ္တိကမ္မဇ ဣဋ္ဌရုပ်တွေ
က မူလအနိဋ္ဌာရုံကို ဖုံးလွှမ်းလျက်ရှိ၏ ၊ နှီးဖြင့်ပြု
လုပ်၍ နွားချေးသုတ်အပ်သော အရုပ်ကလေး၌
ပိုးဖဲ ကတ္တီပါစသော ဣဋ္ဌာရုံတွေ မွမ်းမံချယ်လှယ်ထားသကဲ့သို့တည်း ၊ ဤကဲ့သို့ ဣဋ္ဌ နှင့် အနိဋ္ဌ
ရောနှော၍ နေရာဝယ် မြင်ရကြားရသူတို့၏
စက္ခုဝိညာဏ်စသည်တို့မှာ အပေါ်ယံ ဣဋ္ဌာရုံများ
ကိုသာ အာရုံပြုရသဖြင့် ကုသလဝိပါက်တွေသာ
ဖြစ်ခွင့်ရှိကြတော့သည် ၊ မူလ ဣဋ္ဌဖြစ်သော
လူ့ခန္ဓာကိုယ်ဝယ် မဖွယ်မရာ နူနာစသည် စွဲကပ်
နေရာ၌ အနိဋ္ဌာရုံကိုသာ အာရုံပြုရပုံကိုလည်း
ချဲ့ထွင်ကြည့်ပါ။

{သင်္ဂြိုဟ်ဘာသာဋီကာ}

သုံးရက်မျှအချိန်လုပြီးရေးခဲ့ရတဲ့ဤကောင်းမှု
ကြောင့် မိမိသိရှိသဘောပေါက်ထားသလို
တပါးသူအား စိတ်ရှည်သည်းခံ၍ လျင်မြန်စွာ
နားလည်လွယ်နိုင်သော ပြောဆိုနိုင်သူဖြစ်ရပါလို၏။(AAZ)
By Aung Aung Zaw